Puristic_Myanmar
페이지 정보
Name개발관리자 Date18-01-31 14:46 Hits311, Comment0.본문
PURISTIC Clean & Safe Disinfectant, Deodorant
PURISTIC သည် သယ်ဆောင်ရာတွင်လွယ်ကူ၍ ပါဝင်သော Chlorine Dioxide သည် ပိုးမွှားများကိုသေစေနိုင်ပြီး ရောဂါဖြစ်စေသော ပိုမွှားများကိုလည်း ထိရောက်စွာဖယ်ရှားပေးသည်။ အလုပ်နေရာများနှင့် အိမ်များတွင် နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်းထက် PURISTIC ကို ထားခြင်းဖြင့် ပို၍ လွယ်ကူစေသည်။
စိတ်ချရသော ထောက်ခံချက်များ (လုံခြုံခြင်း)
· FDA, WHO နှင့် NASA များမှ ထောက်ခံချက်များ ရရှိထားပါသည်။
· ဆား၊ သကြား များနှင့်နှိုင်းယှဉ်သတ်မှတ်မှုတွင် ထောက်ခံချက်အမှတ် A1 ရရှိထားပါသည်။
· ရေ နှင့် အစားအစာများမှ ပါဝင်သော ပိုးမွှားများကို ဘေးကင်းစွာ ဖယ်ရှားပေးပါသည်။
· လူများအတွက် အန္တရာယ်ကင်းပါသည်။
ထိရောက်ခြင်း
· Chlorine ကို အခြေခံထားသော ပိုးသတ်ဆေးရည်များထက် 2.5 ကြိမ် ပို၍ထိရောက်သည်။
· အရက်ပျံထက် အကြိမ်ရေ 500,000 ပို၍ ထိရောက်သည်။
· အခြားပိုးသတ်ဆေး (Chlorine, Ozone, Bromine Chloride, Chloramines, etc.) များထက် PURISTIC က များစွာ ပို၍ ထိရောက်မှုရှိသည်။
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိခြင်း
· Chlorine ကိုအခြေခံသော ကင်ဆာရောဂါဖြစ်စေသည့် (THMs, HAAs, etc.) များ PURISTIC တွင် မပါဝင်ပါ။
· နေရောင်ခြည်ထဲတွင်ထားပါက လွယ်ကူစွာပျက်စီးစေသည်။ စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ပစ်ထားပါက လည်း အကြွင်းအကျန်မရှိ ပျောက်ကွယ်သွားစေသည်။
ထူးခြားချက်
· ရောဂါပိုးမွှားများ နှင့် မှိုများ ကို 99.9% သေစေနိုင်သည်။
· မသန့်ရှင်းသည့် ပတ်ဝန်းကျင်မှလေကို သန့်စင်ဖို့ကူညီပေးသည်။
· သန့်ရှင်းရေးလုပ်ဖို့လက်လှမ်းမမှီတဲ့နေရာများမှ ပိုးမွှားများမကူးစက်စေရန် ကာကွယ်ပေးသည်။
· လူတွေကိုဘယ်လိုထိခိုက်နာကျင်မှုမျိုးမှမရှိဘဲ ၁၅-၂၀ ရက်အတွင်း ထိရောက်သည်။
ဘယ်လိုနေရာတွေမှာသုံးလို့ရလဲ
· ရေခဲသေတ္တာ
· သိုလှောင်ခန်း
· ဧည့်ခန်း
· အားကစားခန်းမ
· ပစ္စည်းထိန်းသိမ်းခန်း
· အားလုံးအတွက် အသုံးဝင်ပြီး စိတ်ချရဖို့ သုံးသင့်သူများ - မိသားစုများ
- စားဖိုမှုးများ
- ဆရာဝန်များ
- လယ်သမားများ
- စားသောက်ဆိုင်များ
- မီးဖိုခန်းများ
- မှန်လုံစိုက်ခင်းများ
- ခွဲစိတ်ခန်းများ
- စောင့် ခန်း
အသုံးပြုနည်း
· အထဲမှ လေလုံပုလင်းအားအထက်မှအောက်ကိုကျစေရန် အနည်းငယ်ခေါက်ပါ။
· လေလုံပုလင်းထိပ်အား ‘ဖောက်’ ဟု အသံမမြည်မချင်း အပြင်ဘူးအကြည်မှ လက်ဖြင့်ဆုပ်၍ လက်မဖြင့် ဖိညှစ်ပါ။
· အပြင်ဘူးအကြည်တစ်ခုလုံး အ၀ါရောင်အရည်ပြည့်သွားပြီး စ၍ အလုပ်လုပ်ပြီဖြစ်သည်။
· အ၀ါရောင်အရည်များကုန်သွားပြီး အဖြူရောင်ပြောင်းသွားပါက အာနိသင်ကုန်ပြီ၍ စွန့်ပစ်နိုင်သည်။
သတိပေးချက်
· ကလေးများ လက်လှမ်းမမှီသည့်နေရာတွင် ထားပါ။
· မြိုချ၍မရပါ။
· ပါးစပ်၊ နှာခေါင်းတို့ဖြင့် ရှုခြင်းမှ ရှောင်ပါ။
· ထိခိုက်လွယ်သောအသားအရည် (သို့) နုနယ်သောအသားအရည်ရှိသူများ ဂရုစိုက် ကိုင်တွယ်ပါ။
· အကယ်၍ သင့်အသားအရည်အား ဤဆေးရည်ဖြင့်ထိမိပါက ရေဖြင့် အမြန်ဆုံး ဆေးကြော သင့်သည်။ အသားအရည်အား ဤဆေးရည်ဖြင့် စားသွားခြင်း၊ အနီရောင် (သို့) အညိုရောင်ဖြစ်ပေါ်လာပါက နီးစပ်ရာဆရာဝန်သို့ သွားရောက်ပြသသင့်သည်။
Comment List
No Comments.