Puristic_Myanmar > News

News

News

Home > News > News

Puristic_Myanmar

페이지 정보

Name개발관리자 Date18-01-31 14:46 Hits243, Comment0.

본문



PURISTIC Clean & Safe Disinfectant, Deodorant

PURISTIC သည် သယ်ဆောင်ရာတွင်လွယ်ကူ၍ ပါဝင်သော Chlorine Dioxide သည် ပိုးမွှားများကိုသေစေနိုင်ပြီး ရောဂါဖြစ်စေသော ပိုမွှားများကိုလည်း ထိရောက်စွာဖယ်ရှားပေးသည်။ အလုပ်နေရာများနှင့် အိမ်များတွင် နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်းထက် PURISTIC ကို ထားခြင်းဖြင့် ပို၍ လွယ်ကူစေသည်။

 

စိတ်ချရသော ထောက်ခံချက်များ (လုံခြုံခြင်း)

·        FDA, WHO နှင့် NASA များမှ ထောက်ခံချက်များ ရရှိထားပါသည်။

·        ဆား၊ သကြား များနှင့်နှိုင်းယှဉ်သတ်မှတ်မှုတွင် ထောက်ခံချက်အမှတ် A1 ရရှိထားပါသည်။

·        ရေ နှင့် အစားအစာများမှ ပါဝင်သော ပိုးမွှားများကို ဘေးကင်းစွာ ဖယ်ရှားပေးပါသည်။

·        လူများအတွက် အန္တရာယ်ကင်းပါသည်။

 

ထိရောက်ခြင်း

·        Chlorine ကို အခြေခံထားသော ပိုးသတ်ဆေးရည်များထက် 2.5 ကြိမ် ပို၍ထိရောက်သည်။

·        အရက်ပျံထက် အကြိမ်ရေ 500,000 ပို၍ ထိရောက်သည်။

·        အခြားပိုးသတ်ဆေး (Chlorine, Ozone, Bromine Chloride, Chloramines, etc.) များထက် PURISTIC က များစွာ ပို၍ ထိရောက်မှုရှိသည်။

 

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိခြင်း

·        Chlorine ကိုအခြေခံသော ကင်ဆာရောဂါဖြစ်စေသည့် (THMs, HAAs, etc.) များ PURISTIC တွင် မပါဝင်ပါ။

·        နေရောင်ခြည်ထဲတွင်ထားပါက လွယ်ကူစွာပျက်စီးစေသည်။ စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ပစ်ထားပါက လည်း အကြွင်းအကျန်မရှိ ပျောက်ကွယ်သွားစေသည်။

 

ထူးခြားချက်

·        ရောဂါပိုးမွှားများ နှင့် မှိုများ ကို 99.9% သေစေနိုင်သည်။

·        မသန့်ရှင်းသည့် ပတ်ဝန်းကျင်မှလေကို သန့်စင်ဖို့ကူညီပေးသည်။

·         သန့်ရှင်းရေးလုပ်ဖို့လက်လှမ်းမမှီတဲ့နေရာများမှ ပိုးမွှားများမကူးစက်စေရန် ကာကွယ်ပေးသည်။

·        လူတွေကိုဘယ်လိုထိခိုက်နာကျင်မှုမျိုးမှမရှိဘဲ ၁၅-၂၀ ရက်အတွင်း ထိရောက်သည်။

 

ဘယ်လိုနေရာတွေမှာသုံးလို့ရလဲ

·        ရေခဲသေတ္တာ

·        သိုလှောင်ခန်း

·        ဧည့်ခန်း

·        အားကစားခန်းမ

·        ပစ္စည်းထိန်းသိမ်းခန်း

·        အားလုံးအတွက် အသုံးဝင်ပြီး စိတ်ချရဖို့ သုံးသင့်သူများ     - မိသားစုများ

- စားဖိုမှုးများ

- ဆရာဝန်များ

- လယ်သမားများ

- စားသောက်ဆိုင်များ

- မီးဖိုခန်းများ

- မှန်လုံစိုက်ခင်းများ

- ခွဲစိတ်ခန်းများ

- စောင့် ခန်း

 

အသုံးပြုနည်း

·        အထဲမှ လေလုံပုလင်းအားအထက်မှအောက်ကိုကျစေရန် အနည်းငယ်ခေါက်ပါ။

·        လေလုံပုလင်းထိပ်အား ‘ဖောက်’ ဟု အသံမမြည်မချင်း အပြင်ဘူးအကြည်မှ လက်ဖြင့်ဆုပ်၍ လက်မဖြင့် ဖိညှစ်ပါ။

·        အပြင်ဘူးအကြည်တစ်ခုလုံး အ၀ါရောင်အရည်ပြည့်သွားပြီး စ၍ အလုပ်လုပ်ပြီဖြစ်သည်။

·        အ၀ါရောင်အရည်များကုန်သွားပြီး အဖြူရောင်ပြောင်းသွားပါက အာနိသင်ကုန်ပြီ၍ စွန့်ပစ်နိုင်သည်။

 

သတိပေးချက်

·        ကလေးများ လက်လှမ်းမမှီသည့်နေရာတွင် ထားပါ။

·        မြိုချ၍မရပါ။

·        ပါးစပ်၊ နှာခေါင်းတို့ဖြင့် ရှုခြင်းမှ ရှောင်ပါ။

·        ထိခိုက်လွယ်သောအသားအရည် (သို့) နုနယ်သောအသားအရည်ရှိသူများ ဂရုစိုက် ကိုင်တွယ်ပါ။

·        အကယ်၍ သင့်အသားအရည်အား ဤဆေးရည်ဖြင့်ထိမိပါက ရေဖြင့် အမြန်ဆုံး ဆေးကြော သင့်သည်။ အသားအရည်အား ဤဆေးရည်ဖြင့် စားသွားခြင်း၊ အနီရောင် (သို့) အညိုရောင်ဖြစ်ပေါ်လာပါက နီးစပ်ရာဆရာဝန်သို့ သွားရောက်ပြသသင့်သည်။

 

 

Comment List

No Comments.

No 483 Ground Fl, Aye Yeik Thar 2nd St, New University Avenue Rd, Bahan Township Yangon Myanmar | tel. +951 557 608

Copyright ⓒ www.ttclmyanmar.com All rights reserved.

admin hdweb